top of page

Compassion and Support for Those Affected by the Earthquake in Myanmar

Writer: IBSC ChannelIBSC Channel

(Myanmar below here)

Dear IBSC Alumni, Former Students, and Families,

It is with deep sorrow and heartfelt concern that we reach out to you in this time of distress following the recent earthquake that has affected Mandalay, Sagaing, and other regions in Myanmar. We understand that this disaster has brought immense hardship, loss, and uncertainty to many of you, and our thoughts and prayers are with you, your families, and your communities.


At IBSC, we have always valued the strong bond we share with our students and alumni. In moments like this, we stand together as one family, offering our support, strength, and solidarity. While we may be physically apart, please know that our hearts are with you. We grieve with those who have lost loved ones, and we extend our deepest sympathies to those who have suffered injury, loss of homes, or disruption in their lives.


In the face of adversity, resilience and unity are our greatest strengths. We encourage you to lean on each other, support your neighbors, and hold onto hope. Should there be any way in which IBSC can provide assistance or connect you with resources, please do not hesitate to reach out to us.


May you find courage and comfort in the love and care of those around you. We believe in the strength of our IBSC community and know that, together, we will overcome this challenging time.


With deepest compassion and solidarity,

Phra Medhivajarapundit, Prof. Dr.,

Acting Director, International Buddhist Studies College (IBSC)

Mahachulalongkornrajavidayalaya University (MCU), Thailand.

မြန်မာနိုင်ငံတွင် ငလျင်ဒဏ်ခံရသော IBSC ကျောင်းသား/သူများအတွက် ဝမ်းနည်းစာနာကြောင်းသဝဏ်လွှာ

လေးစားအပ်ပါသော IBSC ကျောင်းသားဟောင်းများနှင့် မိသားစုဝင်များ

ယနေ့ မြန်မာနိုင်ငံရှိ မန္တလေး၊ စစ်ကိုင်းအပါအဝင် အခြားသောဒေသများကိုပါ လှုပ်ခတ်သွားသည့် ငလျင်ကြောင့် စိတ်မချမ်းမြေ့စရာများနှင့် ဆုံးရှုံးမှုများအတွက် ဝမ်းနည်းပူဆွေးမိပါကြောင်း

ဤကဲ့သို့ ငလျင်ဒဏ်ကြောင့် မြန်မာနိုင်ငံသားအများအပြားနှင့်အတူ IBSC ကျောင်းသားဟောင်းများအတွက် ကြီးမားသောအခက်အခဲများ၊ ဆုံးရှုံးမှုများနှင့် ဝမ်းနည်းဖွယ်ရာများကို ရင်ဆိုင်ကြုံတွေ့လာရခြင်းကို မိမိတို့အနေဖြင့် နားလည်သဘောပေါက်ထားပြီး IBSC ကျောင်းသားဟောင်းများ၊ မိသားစုဝင်များနှင့်ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲမိပါသည်။ IBSC မိသားစုတို့၏အကြံဉာဏ်များနှင့် ဆုတောင်းမှုများကိုလည်း ပို့သအပ်ပါသည်။

ကျွန်ုပ်တို့ IBSC သည် ကျွန်ုပ်တို့၏ ကျောင်းသားဟောင်းများအပါအဝင် လက်ရှိတက်ရောက်နေသော ကျောင်းသားများနှင့်လည်း ညီတူညီမျှ ခိုင်မာသောဆက်ဆံရေးကို အမြဲထာဝရ တန်ဖိုးထားပါသည်။ ယခုကဲ့သို့သောအခိုက်အတန့်မျိုးမှာ ကျွန်ုပ်တို့၏ ပံ့ပိုးကူညီမှု၊ ခွန်အားနှင့် စည်းလုံးညီညွတ်မှုတို့ကို ပေးဆောင်လျက် မိသားစုတစ်စုအဖြစ် အတူတကွ ရပ်တည်နေပါသည်။ ကျွန်ုပ်တို့သည် အနေအားဖြင့် ဝေးကွာလျက်ရှိနေသော်လည်း ကျွန်ုပ်တို့၏နှလုံးသားများသည် သင်နှင့်အတူရှိနေကြောင်း မေတ္တာရှေ့ထားလျက် သိစေအပ်ပါသည်။ ချစ်ခင်ရသူများအား ဆုံးရှုံးခဲ့ရမှုများအတွက် ဝမ်းနည်းပူဆွေးပြီး ထိခိုက်ဒဏ်ရာနှင့် အိုးအိမ်ဆုံးရှုံးခဲ့ရသူများ သို့မဟုတ် ၎င်းတို့၏ဘဝတွင် အပျက်အစီးများနှင့် ကြုံခဲ့ရသူများအား အလေးအနက်ထား သနားကြင်နာမိပါသည်။

အခက်အခဲများကို ရင်ဆိုင်ရာတွင် ခံနိုင်ရည်ရှိမှုနှင့် စည်းလုံးမှုသည် ကျွန်ုပ်တို့၏ အကြီးမားဆုံးသော ခွန်အားဖြစ်သည်။ အချင်းချင်း မှီခိုအားထားရန်၊ သင့်အိမ်နီးနားချင်းများကို အားပေးကူညီရန်နှင့် မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားရန် ကျွန်ုပ်တို့ တိုက်တွန်းအပ်ပါသည်။ IBSC အနေဖြင့် အကူအညီများ ပံ့ပိုးပေးနိုင်သည့် သို့မဟုတ် သင့်အား လိုအပ်သည့်အရင်းအမြစ်များနှင့် ချိတ်ဆက်ပေးနိုင်သည့် နည်းလမ်းတစ်ခုခုရှိပါက တုံ့ဆိုင်းမနေဘဲ ကျွန်ုပ်တို့ထံ ဆက်သွယ်စေလိုပါသည်။

သင့်ပတ်ဝန်းကျင်မှလူအများကို ချစ်ခြင်းမေတ္တာနှင့် အလေးဂရုပြုမှုများတွင် ရဲရင့်ခြင်းနှင့် ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာခြင်းတို့ဖြင့် ထပ်လောင်းအကျိုးပြုနိုင်ပါစေ။ ကျွန်ုပ်တို့ IBSC အသိုက်အဝန်း၏ အင်အားကို ယုံကြည်ပြီး ဤခက်ခဲသည့်အချိန်တို့ကို အတူတကွ ကျော်ဖြတ်ကြမည်လို့ ကျွန်ုပ်တို့ အပြည့်အဝယုံကြည်ပါသည်။

လေးနက်သောကရုဏာနှင့် စုစည်းညီညွတ်ခြင်းတို့ဖြင့်

IBSC ဒါရိုက်တာ ဖရမဟာ မေထိဝဇိရာပဏ္ဍိတ်

နိုင်ငံတကာဗုဒ္ဓဘာသာသင်ကြားရေးဌာန၊

မဟာချူလာလောင်ကွန်းရာဇဝိဇ္ဇာလယဗုဒ္ဓတက္ကသိုလ်

ထိုင်းနိုင်ငံ။

--------------------


 
 
bottom of page